Our Story
မြန်မာပြည်နဲ့ဝေးနေတဲ့ ကျွန်တော်တို့အတွက် မြန်မာအစားအစာတွေက အမြဲတမ်း စားချင်၊ လွမ်းနေမိတဲ့ အရာတွေပါ
ငယ်ငယ်ကတည်းက စားလာခဲ့တဲ့ မုန့်လေးတွေ၊ အိမ်မှာ အမြဲရှိနေကျ ဟင်းချက်စရာတွေ၊ လက်ဖက်၊ အကြော်၊ ငါးပိ၊ အချဉ်လေးတွေ… ဒီအရသာတွေက စားလိုက်တိုင်း အိမ်ကို သတိရစေပါတယ်
ဒါပေမယ့် Canada မှာ မြန်မာကုန်စုံဆိုင် သွားပြီး ကိုယ်စားချင်တာလေးတွေ ဝယ်ဖို့ဆိုတာ လူတိုင်းအတွက် မလွယ်ပါဘူး
တချို့မြို့တွေမှာ မြန်မာဆိုင်မရှိသလို၊ ရှိရင်လည်း အဝေးကြီး သွားရတာမျိုး ရှိပါတယ်
အဲဒါကြောင့် ကျွန်တော်တို့စဉ်းစားမိတာက
မြန်မာဆိုင်ကို အဝေးကြီးသွားစရာမလိုဘဲ ကိုယ်စားချင်တဲ့ မြန်မာအစားအစာတွေကို ကိုယ့်အိမ်ကနေ လွယ်လွယ်ကူကူ မှာလို့ရရင် ကောင်းမယ်နော်
အဲဒီစိတ်ကူးလေးကနေ Zay Cho Canada စဖြစ်လာခဲ့တာပါ
Zay Cho က online-only မြန်မာကုန်စုံဆိုင်လေး ဖြစ်လို့ Canada ဘယ်နေရာမှာပဲ နေနေ ဖုန်းလေးဖွင့်ပြီး ကိုယ်စားချင်တာတွေကို အေးအေးဆေးဆေး ရွေး၊ အိမ်အရောက် မှာယူနိုင်အောင် လုပ်ပေးချင်ပါတယ်။
ဈေးချို ဆိုတဲ့ နာမည်လေးလိုပဲ ကိုယ်ကြိုက်တဲ့ မြန်မာအစားအစာတွေ စုံစုံလင်လင် ရှာတွေ့နိုင်ပြီး ဈေးနှုန်းလည်း သင့်တင့်တဲ့ online ဈေးလေးတစ်ခု ဖြစ်စေချင်တာပါ
အိမ်နဲ့ ဘယ်လောက်ပဲဝေးဝေး၊
ကိုယ်လွမ်းတဲ့ မြန်မာအရသာတွေနဲ့တော့ မဝေး🤎
Zay Cho Canada