“Zay Cho” (ဈေးချို) is inspired by the idea of a market where good food and good value come together.

We created Zay Cho Canada to make the flavours of Myanmar easier to find, no matter where you call home in Canada.

From everyday favourites to the foods you’ve been missing, we bring together products that feel familiar, comforting, and worth sharing.

FAQs

Canada ဘယ်နေရာတွေကို ပို့ပေးလဲ?


Zay Cho မှ ကနေဒါနိုင်ငံအတွင်းရှိ မြို့ကြီး၊ မြို့ငယ်မရွေး နေရာအနှံ့ ပို့ဆောင်ပေးပါတယ်

ပစ္စည်းရောက်ဖို့ ဘယ်လောက်ကြာမလဲ?

ပုံမှန်အားဖြင့် အော်ဒါများကို ပို့ဆောင်ပြီးနောက် 3–7 Business Days အတွင်း ရောက်ရှိနိုင်ပါတယ်

လက်ခံမယ့်မြို့၊ ဒေသနဲ့ ပို့ဆောင်ရေးကုမ္ပဏီရဲ့ လုပ်ငန်းအခြေအနေပေါ်မူတည်ပြီး ရောက်ရှိချိန် အနည်းငယ်ကွာခြားနိုင်ပါတယ်ခင်ဗျာ

ဝေးလံတဲ့ဒေသများနဲ့ Remote Areas များအတွက်တော့ ပုံမှန်ထက် အချိန်ပိုကြာနိုင်ပါတယ်

အော်ဒါပို့ပြီးတာနဲ့ Tracking Information ပေးပို့ပေးမှာဖြစ်လို့ ကိုယ့်အော်ဒါလေး ဘယ်အဆင့်ရောက်နေပြီလဲဆိုတာ အလွယ်တကူ စစ်ကြည့်နိုင်ပါတယ် 

ပို့ခ ဘယ်လောက်ကျမလဲ?


အော်ဒါစုစုပေါင်း $99.99 နှင့်အထက် ဝယ်ယူပါက ကနေဒါနိုင်ငံအတွင်း အခမဲ့ပို့ဆောင်ပေးပါတယ်ခင်ဗျာ။

အော်ဒါစုစုပေါင်း $99.99 မပြည့်ပါက ပစ္စည်းအလေးချိန်၊ ထုပ်ပိုးမှုအရွယ်အစားနှင့် ပို့ဆောင်ရမည့်လိပ်စာပေါ်မူတည်ပြီး Canada Post ပို့ဆောင်ခကို Checkout မှာ အလိုအလျောက် တွက်ချက်ပြသပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

ဘယ်လို ငွေပေးချေလို့ရလဲ?

Visa, Mastercard, Apple Pay၊ Google Pay နှင့် Interac e-Transfer တို့ဖြင့် ငွေပေးချေနိုင်ပါတယ်ခင်ဗျာ

Interac e-Transfer ဖြင့် ပေးချေလိုပါက business@zaychocanada.com သို့ ပေးပို့ပြီး Message နေရာတွင် အော်ဒါနံပါတ်ကို ထည့်ရေးပေးပါခင်ဗျာ

ငွေလက်ခံရရှိပြီးမှသာ အော်ဒါကို အတည်ပြုပေးမှာဖြစ်ပြီး ၂၄ နာရီအတွင်း ငွေပေးချေမှုမရရှိသေးသော အော်ဒါများကို ပယ်ဖျက်သွားမှာဖြစ်ပါတယ်

Zay Cho Canada ကို ဘယ်လိုဆက်သွယ်ရမလဲ?

မေးမြန်းလိုသည်များရှိပါက Zay Cho Canada Facebook Page Messenger မှတစ်ဆင့်ဖြစ်စေ၊ business@zaychocanada.com သို့ Email ပေးပို့၍ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်

တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ဖြေကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

လိုချင်တဲ့ပစ္စည်း မရှိရင် တောင်းဆိုလို့ရလား?


လိုချင်တဲ့ပစ္စည်း မတွေ့ရင် တောင်းဆိုလို့ရပါသလား?

Zay Cho Canada မှာ မရှိသေးတဲ့ မြန်မာစားသောက်ကုန်တစ်ခုခုကို လိုချင်ပါက ပစ္စည်းအမည်၊ Brand နဲ့ ဓာတ်ပုံကို Facebook Messenger မှာ ပေးပို့နိုင်သလို business@zaychocanada.com သို့လည်း Email ပေးပို့နိုင်ပါတယ်ခင်ဗျာ

ရရှိနိုင်မယ့်ပစ္စည်းဖြစ်ပါက နောက်တစ်ကြိမ်ကုန်ပစ္စည်းတင်သွင်းတဲ့အခါ ထည့်သွင်းပေးဖို့ ကြိုးစားပေးပါမယ်ခင်ဗျာ

လက်ကားဝယ်ယူပြီး ပြန်လည်ရောင်းချလို့ရပါသလား?

Zay Cho Canada မှာ လက်ကားဝယ်ယူပြီး ပြန်လည်ရောင်းချလိုပါက မိမိဆိုင် သို့မဟုတ် Facebook Page အမည်၊ ရောင်းချမည့်မြို့နှင့် ပြည်နယ်၊ စိတ်ဝင်စားသည့်ပစ္စည်းများနှင့် ခန့်မှန်းဝယ်ယူလိုသည့် အရေအတွက်တို့ကို Zay Cho Canada Facebook Messenger မှတစ်ဆင့်ဖြစ်စေ၊ business@zaychocanada.com သို့ Email ပေးပို့၍ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ

အနည်းဆုံးဝယ်ယူရမည့်ပမာဏ၊ လက်ကားဈေးနှုန်းနှင့် ပို့ဆောင်ခအသေးစိတ်တို့ကို ပြန်လည်ပေးပို့ပေးမှာဖြစ်ပါတယ်ခင်ဗျာ